မကွေး သြဂုတ်လ ၂၉ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် စိုးမြင့်အောင် နှင့်အဖွဲ့၊ စကုနယ်မြေ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်မျိုးဦး နှင့်အဖွဲ့တို့သည် ပူးပေါင်း၍ တရားမ၀င်နွားများ မြို့နယ်ကျော်သယ်ဆောင်လာကြောင်း သတင်းအရ သက်သေများနှင့်အတူ မင်းဘူး-ပဒါန်းကားလမ်း၊ ကုန်းသာကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ငဖဲမြို့မှ မောင်းနှင်လာသည့် 6N/8362 (BAGO) MITSUBISHI CANTER FE 74 DV TRUCK အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ငဖဲမြို့နယ်၊ ပျံ့ချီကျေးရွာနေ သန်းနိုင် မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်နောက်လိုက် ကျော်ဇင်လတ် နှင့် နွားပိုင်ရှင် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်း ကျေးရွာနေ နေ၀င်း(ခ) ဖိုးထူး တို့လိုက်ပါလျှက် ယာဉ်နောက်ခန်းတွင် ခိုင်းနွားအထီး(၆)ကောင်၊ စုစုပေါင်းတန်ဖိုး ၅၄၀၀၀၀၀ိ/- အား ခွင့်ပြုချက် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ ငဖဲမြို့မှမကွေးမြို့နယ်သို့ တရား မ၀င် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သန်းနိုင်ပါ(၃)ဦး အား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း (ပ) ၁၁၁/၂၀၁၈၊ အရေးကြီး ကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေး ယူဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment