မကွေး
စင်တင်ဘာလ ၁ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၃
နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ထွန်းထွန်းဦး၊ ဒုရဲအုပ် အေးနိုင်၊ အမျိုးသမီးရဲမေ ရဲတပ်သား
လွင်လွင်မာ၊ ပခုက္ကူခရိုင်၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် မျိုးလွင်၊ ပခုက္ကူမြို့မရဲစခန်းမှ
နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိန်းဌေး နှင့်အဖွဲ့သည် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း
သတင်း အရ သက်သေမကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ဆယ်အိမ်မှူး ဦးလှိုင်ဇေယျာ၊ ပခုက္ကူမြို့၊
အမှတ် (၁၁)ရပ်ကွက်၊ ရာအိမ်မှူး ဦးမျိုးမြင့် တို့နှင့်အတူ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏
လောင်းကစား နေအိမ် ဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၁၀/၂၀၁၈)ဖြင့် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ
မစံပယ်ဦး၊ ၄၃ နှစ်၊ (ဖ) ဦးချစ်ဦး ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ မစံပယ်ဦးအား နေအိမ်ဘေးကပ်လျှက်
အဖီအောက် ကွပ်ပျစ်ပေါ်တွင် နှစ်လုံးထီလောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းအနီးရှိ
စားပွဲပေါ်မှ နှစ်လုံးထီလောင်းကစားပြု လုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်း ဆက်စပ်ပစ္စည်း
များ၊ ၀၉၇၉၄၁၉၀၀၉၆ ဆင်းကဒ်ပါ Kenb၀ ရွှေရောင်ဖုန်း(၁)လုံး၊ လောင်းကြေးငွေစက္ကူရောရာ ၁၁၉၉၀၀ိ/-တို့အား
ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် မစံပယ်ဦးအား ပခုက္ကူမြို့နယ်၊ မြို့မ ရဲစခန်း(ပ)၄၁၂၃/၂၀၁၈၊
လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က)အရ အရေးယူဆောင်ရွက် လျှက်ရှိပါသည်။
0 comments:
Post a Comment