Tuesday, May 23, 2017

မကွေး၊ မေ ၂၃

၂၀၁၇ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ဆုံရပ်ကွက်နှင့် နံကပ်ကျွန်းအုပ်စု၊ သရက်ပင်ကွက်ကျေးရွာမှ လူနေအိမ်များအား မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များမှ မေ ၂၂ ရက်နေ့တွင် ကျေးရွာ သူ/သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှင်းလင်းခဲ့ကြောင်းသတင်းရရှိသည်။

အလားတူ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုး လန် ပျက်စီး ဆုံးရှုံးခဲ့သည့် ကျေးရွာများမှ နေအိမ်များအား မေ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ် ခန့်မှ ည ၈ နာရီအချိန်ထိ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များသည် ကျေးရွာသူ/သား များ၊ မီးသတ်တပ်ဖွဲ့ ၀င် များနှင့်အတူဝိုင်းဝန်း၍ သစ်ကိုင်းကျိုးကျ၍ပိမိနေသည့် နေအိမ်များပေါ်မှ သစ်ကိုင်း များ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကျောင်းဆောက် ကျေးရွာ၊ ရွာကုန်းကျေးရွာနှင့် မကျီးချိုကျေးရွာများ ပျက်စီးဆုံးရှုံးခဲ့သည့် စေတီ ၂ ဆူ၊ လူနေအိမ် ၂ လုံး၊ ကျန်းမာရေးဌာန ၁ ခု၊ ကြက်ခြံ ၂ ခြံနှင့် လူနေအိမ် ၃ လုံးတို့အမိုးလန်ပျက်စီးခဲ့ရာ လဲကျသစ်ပင် များအား မေ ၂၂ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီအချိန်ထိ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ ကျေးရွာသူ/သားများ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ မြို့နယ်သဘာဝဘေး အန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ရှင်းလင်း ခဲ့ကြောင်း သတင်းရရှိသည်။








 

Tuesday, May 9, 2017



မကွေး၊ မေ ၉
၂၀၁၇ ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၉ နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ `ရဲဇာနည်´ခန်းမတွင် မှုခင်းစွမ်းစွမ်းတမံဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖ၊ ကျေးရွာပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ပွဲအခမ်း အနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်နှင့် အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် များ၊ Pact Global Microfinance Funt (PGMF)  ` အပြည်ပြည် ဆိုင်ရာအသေးစားငွေရေးကြေးရေး ၀န်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်းမှ အထွေထွေမန်နေဂျာ ဦးမောင်မောင်ပါ (၁၅) ဦး၊ ဆုရရှိသူတပ်ဖွဲ့ဝင် များနှင့် ပြည်သူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
  ၂၀၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ၀ါးကြီးအိုင်နယ်မြေရဲစခန်း (ပ) ၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အမှုမှ တရားခံ ၃ ဦးအား သက်သေခံပစ္စည်းနှင့် ငွေ (၁၆၂) သိန်းကျော် နှင့်အတူ နာရီပိုင်းအတွင်း စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော ရဲတပ်ဇွဲ့ဝင်များ၊ ကျေးရွာမှ ရပ်မိရပ်ဖပြည်သူများ အား ဆုချီးမြှင့်ခြင်းအခမ်းအနားဖြစ်ကြောင်း ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်မှ အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုအား ရှင်းလင်းတင်ပြခြင်း၊ ` အပြည်ပြည် ဆိုင်ရာအသေးစားငွေရေး ကြေးရေးဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း (PGMF)´ မှ အထွေထွေမန်နေဂျာ ဦးမောင်မောင်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဗိုလ်မှူးကြီး နိုင်ဦး၊ ရဲမှူးကြီး ကိုကိုအောင်၊ ဒုမကရမှူး ရဲမှူးကြီးလှသန်း၊ အထွေထွေမန်နေဂျာ ဦးမောင်မောင်နှင့် ဦးသောင်းထိုက်တို့မှ နာရီပိုင်းအတွင်း မှုခင်းစွမ်းစွမ်းတမံဖော်ထုတ် ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။









မကွေး၊ မေ ၉
၂၀၁၇ ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၉ နာရီ ၄၅ အချိန်ထိ သောက်သုံးရေ ရှားပါးသည့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကံမ-ပြည်ကားလမ်းဘေးရှိ သစ်မယ်ဇီကျေးရွာအုပ်စု၊ ဒါန်းကိုင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ကံမမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးပိုင်နှင့်တပ်ဖွဲ့ဝင်များမှ ရေသယ် ယာဉ် ၁ စီးဖြင့် သောက်သုံးရေဂါလံ ၁၂၅ ဂါလံအား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့နံနက် နံနက် ၉ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၅၀ အချိန်ထိ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းဟန်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သောက်သုံးရေ ရှားပါးလျှက်ရှိသည့် သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ အလယ်ကျောကျေးရွာရှိ လူဦးရေ ၃၅၄ ဦးနှင့် ကျေးရွာဘုန်းကြီးကျောင်းအတွက် သောက်ရေသန့်ဘူးကြီး ၁၀၇ ဗူး နှင့် သုံးရေဂါလံ (၄၀၀၀)တို့အား လည်းကောင်း၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ သုံးရေဂါလံ ၁၆၀၀ အားလည်းကောင်း သွားရောက်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။ 
 






Friday, May 5, 2017

မကွေး၊ မေ ၅

၂၀၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မြို့သစ်မြို့နယ်၊ ဂွေးချို(န) ကျေးရွာ အနီးတွင် လုယက်မှုဖြစ်ပွားကြောင်းသတင်းအရ ၀ါးကြီးအိုင်နယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်မှာ ဂွေးချိုကျေးရွာ အုပ်စုအတွင်း စိုက်ပျိုးစရိတ်များချေးရန်အတွက် ၀ါးကြီးအိုင်ကျေးရွာနေ ပက်စ်မြန်မာ ချေးငွေလုပ်ငန်းအရာရှိ ဦးဝင်းဘို (၃၅)နှစ်မောင်းနှင်ပြီး နောက်မှ တောင်တွင်းကြီးမြို့နယ်၊ ကန်ဘေးကျေးရွာနေ စာရင်းစစ် မဟေမာလွင်(၃၁)နှစ်လိုက်ပါလာသည့် ၃၅ယ/၁၇၉၁ ကန်ဘို ၁၂၅အစိမ်းရောင်ဆိုင်ကယ်၁စီး၊ ၀ါးကြီး အိုင်ကျေးရွာနေ ချေးငွေအရာရှိများဖြစ်သည့်ဦးသောင်းကြိုင် (၃၅)နှစ်မောင်းနှင်သည့် ရင်ဇင်း ၁၂၅ ဆိုင် ကယ် ၁ စီး၊ ကိုမျိုးကိုကိုဦး (၃၁)နှစ် မောင်းနှင်ပြီး မစုမြတ်နွယ်(၂၆)နှစ် လိုက်ပါလာသည့် ၃၄ယ/၃၉၄၂ ကန်ဘို ၁၁၀ ဆိုင်ကယ် ၁ စီး၊ ပေါင်း ၃ စီးဖြင့် ၀ါးကြီးအိုင်ကျေးရွာမှ ဂွေးချိုကျေးရွာသို့ မောင်းနှင်လာစဉ် ဂွေးချိုအနောက်ကျေးရွာအနီး နတ်ရွာကျေးရွာလမ်းခွဲအရောက်တွင် လမ်းဘေးချုံဘုတ်အတွင်းမှ အမည်မသိ အမျိုးသား ၃ ဦး ထွက်လာပြီး ဦးဝင်းဘိုဆိုင်ကယ်အား တားဆီး၍ အသင့်ပါလာသည့် အရှည် ၂ တောင်ခန့်ရှိ သစ်သားတုတ်များဖြင့် ရိုက်ခဲ့သဖြင့် ဦးဝင်းဘိုတွင် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့တွင်ပါလာသည့် D 2 ခဲရောင် ကျောပိုးအိတ်ဖြင့်ထည့်ထားသည့် ရုံးပိုင်ငွေ (၁၆,၂၀၀,၀၀၀ိ/-) ဦးဝင်းဘိုပိုင်သည့်ငွေ (၈၀,၀၀၀ိ/-)၊ မဟေမာလွင် ပိုင်သည့်ငွေ (၁၀၀,၀၀၀ိ/-)နှင့် HUAWEI တံဆိပ်ပါဟန်းဆက် ၁ လုံး၊ SHWE ME တံဆိပ်ပါ ဟန်း ဆက် ၁ လုံး၊ Powerbank ၁ ခု(၁၅,၀၀၀ိ/-) ၊ ဘဏ်စာအုပ် ၂ အုပ်၊ ATM ငွေထုတ်ကဒ် ၁ ခုတို့အား လုယူထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဝါးကြီးအိုင်နယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များမှ ချက်ချင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန် နေပြည်တော်-မြို့သစ်-ကံပြားလမ်း လေးတိုင်စင်ကျေးရွာအနီးတွင် မြို့သစ်မြို့နယ်၊ ဂွေးချို (န)ကျေးရွာနေ တရားခံ ၀င်းကြိုင် (၃၇)နှစ်အား ဟွန်ဒါဖစ် ၁၂၅ နက်ပြာ ရောင်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ် (၆၀) သိန်း၊ Powerbank ၁ ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သော်လည်း ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် ၎င်းနှင့်တစ်ရွာတည်းနေ ဘိုဌေး(၄၄)နှစ်နှင့် သန်းဌေး (၁၇)နှစ်တို့ ၂ ဦးမှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ၀ါးကြီးအိုင်နယ်မြေရဲစခန်း (ပ) ၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတရားခံ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှ အဖွဲ့၊ တိုင်းမှု/ကူအဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ၀ါးကြီးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ အဖွဲ့များ ခွဲ၍ ထပ်ကြပ်မကွာ လိုက်လံစုံစမ်း ဖမ်းဆီးခဲ့ရာ ယင်းနေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် လေးတိုင်စင်အုပ်စု၊ လေးတိုင်စင်မြောက်ကျေး ရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာ ဦးထွန်းထွန်းဦး ပိုင်သည့် ယာခင်းအတွင်းမှ တရားခံ သန်းဌေး (ခ) သန်းဌေးဦးအား ငွေ ကျပ် သိန်း (၅၀) နှင့်လည်းကောင်း၊ တရားခံ ဘိုဌေးအား ငွေကျပ် (၅၂) သိန်း၊ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးမြှောင် ၂ ချောင်း၊ HUAWEI အမျိုးအစား ဟန်းဆက် ၁ လုံး၊ SINGTEACH ဟန်းဆက် ၁ လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 

Find Us on Facebook

Popular Posts

Video