Tuesday, May 23, 2017

မကွေး၊ မေ ၂၃

၂၀၁၇ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ဆုံရပ်ကွက်နှင့် နံကပ်ကျွန်းအုပ်စု၊ သရက်ပင်ကွက်ကျေးရွာမှ လူနေအိမ်များအား မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များမှ မေ ၂၂ ရက်နေ့တွင် ကျေးရွာ သူ/သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှင်းလင်းခဲ့ကြောင်းသတင်းရရှိသည်။

အလားတူ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုး လန် ပျက်စီး ဆုံးရှုံးခဲ့သည့် ကျေးရွာများမှ နေအိမ်များအား မေ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ် ခန့်မှ ည ၈ နာရီအချိန်ထိ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များသည် ကျေးရွာသူ/သား များ၊ မီးသတ်တပ်ဖွဲ့ ၀င် များနှင့်အတူဝိုင်းဝန်း၍ သစ်ကိုင်းကျိုးကျ၍ပိမိနေသည့် နေအိမ်များပေါ်မှ သစ်ကိုင်း များ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကျောင်းဆောက် ကျေးရွာ၊ ရွာကုန်းကျေးရွာနှင့် မကျီးချိုကျေးရွာများ ပျက်စီးဆုံးရှုံးခဲ့သည့် စေတီ ၂ ဆူ၊ လူနေအိမ် ၂ လုံး၊ ကျန်းမာရေးဌာန ၁ ခု၊ ကြက်ခြံ ၂ ခြံနှင့် လူနေအိမ် ၃ လုံးတို့အမိုးလန်ပျက်စီးခဲ့ရာ လဲကျသစ်ပင် များအား မေ ၂၂ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီအချိန်ထိ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ ကျေးရွာသူ/သားများ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ မြို့နယ်သဘာဝဘေး အန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ရှင်းလင်း ခဲ့ကြောင်း သတင်းရရှိသည်။








 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video