မကွေး၊ မေ ၉
၂၀၁၇
ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၉ နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊
ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ `ရဲဇာနည်´ခန်းမတွင် မှုခင်းစွမ်းစွမ်းတမံဖော်ထုတ်ခဲ့သည့်
ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖ၊ ကျေးရွာပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်
ဂုဏ်ပြုဆုငွေများ ပေးအပ်ပွဲအခမ်း အနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်နှင့်
အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် များ၊ Pact Global Microfinance Funt (PGMF) ` အပြည်ပြည် ဆိုင်ရာအသေးစားငွေရေးကြေးရေး ၀န်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်းမှ အထွေထွေမန်နေဂျာ ဦးမောင်မောင်ပါ (၁၅)
ဦး၊ ဆုရရှိသူတပ်ဖွဲ့ဝင် များနှင့် ပြည်သူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၉၀)
ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်
ဝါးကြီးအိုင်နယ်မြေရဲစခန်း (ပ) ၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အမှုမှ တရားခံ ၃ ဦးအား
သက်သေခံပစ္စည်းနှင့် ငွေ (၁၆၂) သိန်းကျော် နှင့်အတူ နာရီပိုင်းအတွင်း
စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော ရဲတပ်ဇွဲ့ဝင်များ၊ ကျေးရွာမှ ရပ်မိရပ်ဖပြည်သူများ အား
ဆုချီးမြှင့်ခြင်းအခမ်းအနားဖြစ်ကြောင်း ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဦးမှ
အဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
ကိုကိုအောင်မှ အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ
ပူးပေါင်းဆောင်ရွက်မှုအား ရှင်းလင်းတင်ပြခြင်း၊ ` အပြည်ပြည် ဆိုင်ရာအသေးစားငွေရေး
ကြေးရေးဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း (PGMF)´ မှ အထွေထွေမန်နေဂျာ ဦးမောင်မောင်မှ
ကျေးဇူးတင်စကားပြောကြားခြင်း၊ ဗိုလ်မှူးကြီး နိုင်ဦး၊ ရဲမှူးကြီး ကိုကိုအောင်၊ ဒုမကရမှူး
ရဲမှူးကြီးလှသန်း၊ အထွေထွေမန်နေဂျာ ဦးမောင်မောင်နှင့် ဦးသောင်းထိုက်တို့မှ နာရီပိုင်းအတွင်း
မှုခင်းစွမ်းစွမ်းတမံဖော်ထုတ် ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား
ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment