Wednesday, February 10, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၉ ရက်နေ့  နေ့လည်  (၁)နာရီ (၁၅)မိနစ်အချိန်ခန့် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ ဂန့်ဂေါမြို့၊ မြစ်ရှောင်လမ်းအတိုင်း ပျားကျေးရွာမှ ဂန့်ဂေါမြို့ဘက်သို့ ဂန့်ဂေါမြို့နယ် ပျားကျေးရွာနေသူ မင်းထက်အောင် (ခ) ဘာဘာ (၁၉)နှစ်၊ (ဖ)ဦးသန်းဝင်း မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ နေလင်းထွန်း (၁၉)နှစ်၊ (ဖ)ဦးဘိုအေး လိုက်ပါလာသည့် ၁၉ယ/xxxxx TOHONT နီနက်ကြားရောင် ဆိုင်ကယ်နှင့် ဂန့်ဂေါမြို့ဘက်မှ ပျားကျေးရွာသို့ တောင်တွင်းကြီးမြို့နယ်၊ ကျွဲဖြူကန်ကျေးရွာ နေသူများ ဖြစ်ကြသော သန်းဝင်းအောင် (၂၀)နှစ်၊ (ဖ)ဦးဇော်ဦး မောင်းနှင်ပြီး နောက်မှ ဒေါ်လှဝင်းကြည် (၃၇)နှစ်၊ (ဖ)ဦးအောင်မောင်း၊ လိုက်ပါလာသည့် DAYANG နက်ဖြူကြားရောင် ဆိုင်ကယ်တို့သည် ဂန့်ဂေါမြို့ ၊ မြို့မ တောင်ကုန်းရပ်ကွက်၊ ဒေါ်ဌေးဌေး ကုန်စုံဆိုင်ရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်၌ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် မင်းထက်အောင် (ခ) ဘာဘာ သည် အခင်းဖြစ်နေရာ
တွင် သေဆုံးသွားပြီး သန်းဝင်းအောင်နှင့် ဒေါ်လှဝင်းကြည်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ မင်းထက်အောင် (ခ)ဘာဘာနှင့် သန်းဝင်းအောင်တို့ (၂)ဦးအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video