၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေအုပ်စု၊ xxxxရပ်ကွက်နေ မxxx (အပျို) ၂၁နှစ်သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝရက်နေ့ ည (၈) နာရီ အချိန်ခန့်တွင် နေအိမ် အိပ်ခန်း အတွင်းအိပ်နေစဉ် ဖခင်အရင်းဖြစ်သူ ဦးဇော်သိန်း(၄ဝ)နှစ်သည် အိပ်ခန်းအတွင်းဝင်၍ နို့နှစ်ဘက်အား ဆွဲကိုင်ကာ အင်္ကျီချွတ် ရန်ပြုလုပ်ပြီး ထမီအားဆွဲလှန်ကာ ပွေ့ဖက်ခြင်းများပြုလုပ်၍ ရုန်းကန်နေစဉ် မိခင်ဖြစ်သူဒေါ်xxxx အပြင် သွားရာမှ ပြန်လည်ရောက်လာပြီး တွေ့မြင်သဖြင့် ပတ်ဝန်းကျင် လူအများ အား အကူအညီတောင်းခံရာ ရပ်ကွက်အတွင်းရှိ လူများရောက်လာမှသာ လွတ်မြောက်ခဲ့သဖြင့် အလို မတူဘဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူ ဇော်သိန်းအား အရေးယူပေးပါရန် တိုင်တန်းခဲ့ပြီး အမှု စစ်ဆေးပေါ်ပေါက်ချက်အရ ဇော်သိန်းမှာ သမီးဖြစ်သူ မxxxအား လွန်ခဲ့သော (၃)နှစ်ခန့်မှစ၍ ခြိမ်း ခြောက်ပြီး အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း (ပ)၇၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁မှ ၃၇၆ သို့ ပြောင်းလဲ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ကောင်း၏။
ReplyDeleteစုံပါ၏။
ReplyDelete