Wednesday, November 4, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၃ ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန်ခန့်တွင် နယ်မြေအတွင်း ခိုး၊ ဆိုး၊ နိုက်သတင်းများ စုံစမ်းနေစဉ် ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာနေသူ စိုးမိုးထွေး(ခ) စိုးသက်လင်း(ခ) ဝေဖြိုးအောင် (၂၃)နှစ် သည် ဟမ်းဆက်များ လိုက်လံရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ လိုက်လံရှာဖွေရာ မကွေးမြို့၊ ကန်သာ ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ““ရွှေမေတ္တာ”” လက်ဘက်ရည်ဆိုင်ရှေ့ သစ္စာလမ်းပေါ် တွင် တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ၄င်းထံမှ PHICOMM အမျိုးအစား အဖြူရောင် ဟမ်းဆက် တစ်လုံး ၊ တန်ဘိုး ၄၀၀၀၀ိ/-အား တွေ့ရှိရပြီး ဟမ်းဆက်အား ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိ၍ စိုးမိုးထွေး(ခ) စိုးသက်လင်း (ခ) ဝေဖြိုးအောင်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၁၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video