Wednesday, November 4, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ (၆း၀၅)နာရီအချိန် ရေစကြိုမြို့၊ ဖူလုံကျေးရွာဘုရားပွဲ ဈေးတန်းတွင် မိုးပျံပူပေါင်းပြု လုပ် ရောင်းချနေသော ဂက်(စ်)အိုး ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ဒဏ်ရာများ ရရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်မှာ အဆိုပါ ဘုရားပွဲဈေးတန်းတွင် မိုးပျံပူပေါင်း ပြုလုပ်ရောင်းချနေသော ပခုက္ကူမြို့၊ အမှတ်(၈) ရပ်ကွက်နေသူ ထွန်းငွေ(၆၅)နှစ် သည် မိုးပျံပူးပေါင်း ပြုလုပ်ရောင်းချရန် ကော့စတစ်ခဲနှင့် သတ္တုစ ကို ရောစပ်၍ ဓါတ်ငွေ့ဖော်စပ်ကာ အမြင့်(၃)ပေခန့်၊ လုံးပတ် (၄)ပေခန့်ရှိ ဂက်(စ်)အိုး အတွင်းသို့ ထည့်ရာ ဂက်(စ်)အိုးမှာ ပူလာ၍ ရေလောင်းစဉ် ဂက်(စ်)အိုး ပေါက်ကွဲသွားခဲ့၍ အနီးတွင် ရှိနေသည့် ပွဲဈေးလာ သူ ရေစကြိုမြို့နယ်၊ ညောင်ပင်စုရွာနေသူ မအိအိခိုင် (၂၁)နှစ် နှင့် မယွန်းရွှေရည် (၂)နှစ်တို့တွင် ဒဏ်ရာ များ ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ထွန်းငွေအား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၂၃/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၆/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video