Tuesday, November 3, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စလင်း-ပွင့်ဖြူသွားကားလမ်း မိုင်တိုင်အမှတ် ၂၂/၇ နှင့် ၂၃/ဝ အကြားတွင် ၂.၁၁.၂၀၁၅ ရက်နေ့ နံက် (၉) နာရီ အချိန် ယာဉ်တိုက်မှု ဖြစ်ပွား ကြောင်း သတင်းအရ ပွင့်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဖစ်စဉ်အားစစ်ဆေးခဲ့ရာ စလင်းမြို့မှ မင်းဘူးမြို့ဘက်သို့ ချောက်မြို့၊ မြေနီကုန်းရပ်နေ စိုးမိုးထွန်း (၄၂)နှစ်မောင်းနှင်သော 2B/xxx ၊ ဖြူ/နီကြားရောင် မစ်ဆူဘီရှီအမျိုးအစား ''အောင်စစ်နိုင် '' ခရီးသည်တင်မှန်လုံယာဉ်သည် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ချယ်ရီလမ်းထောင့်တွင် မော်တော်ယာဉ်အားရပ်၍ ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သူ ပွင့်ဖြူမြို့နယ်၊ မကျီးကုန်းကျေးရွာနေ မစိုးစိုးအေး(၃၈)နှစ်အား ဆင်းစေပြီး မော်တော်ယာဉ်အား မောင်းနှင်ထွက်ခွာစဉ် မစိုးစိုးအေးသည် မော်တော်ယာဉ်၏ နောက်မှမောင်းနှင်လာသော ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ခြေချော်လဲပြီး ယာဉ်၏ယာဘက်နောက်ဘီးဖြင့် ဦးခေါင်းအား ကြိတ်မိ၍ ဦးခေါင်းပြားကာ ဦးနှောက်များထွက်၊ ယာလက်ခုံပွန်းပဲ့ဒဏ်ရာများရရှိပြီး နေရာတွင်သေဆုံးသွားကြောင်း သိရှိရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ စိုးမိုးထွန်းအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅၃/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video