Tuesday, November 3, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကံကလေးကျေးရွာနေ ခင်ဆောင်၊ (၅၃)နှစ်သည် ၁.၁၁.၁၅ ရက်နေ့ ညနေ (၆) နာရီခွဲအချိန်နေအိမ်တွင် တစ်ရွာတည်းနေ ဦးရဲမြင့်(၆၅)နှစ်နှင့်အတူ အရက်သောက်စားနေရာမှ စကားများရန်ဖြစ်ကြပြီး ခင်ဆောင်မှ အိမ်ထဲရှိ အရိုးအသွား(၂)ပေ (၇)လက်မခန့်ရှိ သံပုဆိန်အားယူ၍ ဦးရဲမြင့်၏မျက်နှာအား ထုရိုက်ခဲ့ရာ ဦးရဲမြင့်တွင် ဝဲမျက်ခုံး ဒေါင့်စွန်း (၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ပခုက္ကူဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ၂၂ဝဝ အချိန် ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွား၍ ခင်ဆောင်အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၂၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video