၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နေ့လည် (၁)နာရီ အချိန်ခန့်တွင် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆) ရပ်ကွက်အတွင်း နယ်မြေ လှည့်ကင်း ဆောင် ရွက်နေစဉ် အမှတ်(၆) ရပ်ကွက်နေသူ သိန်းသန်းဇော် (၁၈)နှစ်သည် အရက် သောက်စား မူးယစ်ပြီး အများပြည်သူ ထိတ်လန့်အောင် အရိုးအသွား (၇)လက်မခွဲခန့်ရှိ ခေါက်ဓါးမြှောင် အား ကိုင်ဆောင် သွားလာ နေသည်ကို တွေ့ရှိရသဖြင့် သိန်းသန်းဇော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၁၉/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment