Wednesday, November 4, 2015


နတ်မောက် နိုဝင်ဘာ၎
နတ်မောက်မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးတာဝန်ထမ်းဆောင်မည့်အထူးရဲသင်တန်းဆင်းပွဲကို
ယမန်နေ့က မြို့နယ်ဗိုလ်တေဇအားကစားကွင်းတွင်ကျင်းပသည်။အဆိုပါသင်တန်းဆင်းပွဲတွင် နတ်မောက်မြို့နယ်မြို့မ ရဲစခန်း ရဲတပ်ဖွဲ့မှူးသန်းချိုကကြီးကြပ်၍မြို့နယ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမောင်ကိုက အထူးရဲတပ်ဖွဲ့ဝင်များအနေ ဖြင့်ရွေးကောက်ပွဲကာလအတွင်းလွတ်လပ်၍တရားမျှတ သောရွေးကောက်
ပွဲကြီးဖြစ်စေရန်လုံခြုံရေးတာဝန်ထမ်း ဆောင်ခြင်း၊ဥပဒေနှင့်အညီပြုမူနေထိုင်ခြင်း၊ငြိမ်းချမ်း သာယာရေးကိုနှောက် ယှက်မှုနှင့် နယ်မြေလုံခြုံရေးတို့ကို ကာကွယ်ရမည်ဖြစ်၍လက်ရှိရဲတပ်ဖွဲ့ဝင်များနှင့် အတူပူး ပေါင်းတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းရှင်းလင်းခဲ့ သည်။ ထို့နောက်အထူး ရဲသင်တန်းများအားနတ်မောက်မြို့ နယ်အတွင်းရှိမဲရုံ ၂၈၂ ရုံအားတစ်ရုံလျှင်အထူးရဲ(၁)ဦးစီ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video