Wednesday, November 4, 2015
3:16 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး နိုဝင်ဘာ ၎
မကွေးတိုင်းဒေကြီး ချောက်မြို့နယ် ဆွယ်ပေါက်ကန်အုပ်စု ချောင်းပြည့်ကျေးရွာမှ သုံးမြွာပူး မွေးဖွားသည့် ဦးနိုင်လင်း၏ ဇနီးဒေါ်ကြည်ကြည်သိန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကျပ်ငါးသိန်း
ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာ ၄ ရက်နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး တွင် ပေးအပ်ခဲ့သည်။
အဆိုပါ သုံးမြွာပူးမိခင်မှ ပထမအကြိမ်တွင်သားဦးတစ်ယောက်မွေးဖွားခဲ့ပြီး ယခုမွေးဖွား ရာတွင် ချောက်မြို့နယ် ဂွေးပင်တိုက်နယ်ဆေးရုံ၌ နိုဝင်ဘာ ၃ရက်ညနေ ၄ နာရီ ၃မိနစ်တွင် ပထမကလေးငယ်အားမွေးဖွားပြီး ၄ နာရီ ၆ မိနစ်တွင် ဒုတိယကလေးငယ်နှင့် ၄ နာရီ ၁၂ မိနစ်တွင် တတိယကလေးငယ် မိန်းကလေးသုံးမြွာပူးတို့ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး ကလေးငယ်များ၏ ကျန်းမာရေးအထူးဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးသို့ ၄င်းနေ့ည ၉နာရီတွင် ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာပေါ်ထွန်း နှင့် ဆရာ/ဆရာမများက ကလေး ငယ်များ ၏ကျန်းမာရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်ပေး လျက်ရှိသည်။
မိန်းကလေးငယ် သုံးမွှာပူးမွေးဖွားမှုအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်
နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်ခင်နွဲ့မှ တိုင်းဒေသကြီးပြည် သူ့ဆေးရုံကြီိးသို့သွားရောက်ကာ ကလေးငယ်များ၏မိခင်အား ထောက်ပံ့ငွေ ကျပ် (၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment