Wednesday, November 4, 2015


သရက် နိုဝင်ဘာ ၎
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများမှ အရွယ်ရောက် အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်န်း အမှတ်စဉ် (၃/၂၀၁၅)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ကျေးရွာ ရွာလယ် ဓမ္မာရုံအတွင်းကျင်းပရာ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မြို့နယ် ဦးစီးမှူး ဦးမျိုးဝင်းထိုက်၊မြို့နယ် ဖွံဖြိုးတိုးတက်မှု့ အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးတင်အောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။
အဆိုပါ စက်ချုပ်သင်တန်းဆင်းပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက အဖွင့် အမှာ စကားပြောကြားပေးပြီး မြို့နယ် ဦးစီးမှူး ဦးမျိုးဝင်းထိုက်က သင်တန်းဖွင့် လှစ်ဆောင် ရွက်ပေးရသည့် ရည်ရွယ်ချက်အား အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိသူ များက ဆုရသင်တန်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး သင်တန်းဆရာမများအား လက်ဆောင် ပစ္စည်း များ ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသူများချုပ်လုပ်ထား သည့် မွေးကင်းက ကလေးဝတ်အကျီ င်္၊ဘောင်းဘီတို၊ဘောင်းဘီရှည် ၊မိန်းမ၀တ် အကျီင်္င်္င်္၊လက်စက၊လက်ဖောင်း၊မိန်းမ၀တ်ရင်ဖုံးလက်ရှည်၊ အမျိုးသမီးဝတ် ရှပ်အကျီ င်္၊ကလေးဝတ် ရှပ်အကျီ င်္စသည့် ချုပ်လုပ်နေမှု့တို့အား လိုက်လန်စစ်ဆေး ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video