၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ (၄း၁၅)နာရီအချိန်ခန့်တွင် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် သရက်-အောင်လံ ပဲ့တောင်ဆိပ်ကမ်း အရောက်တွင် လူတစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိစစ်မေးရာ နတ်မောက်မြို့နယ်၊ ကျွဲတူးကန်ကျေးရွာနေ နိုင်လင်း(ခ) ဘဂျမ်း (၃၀)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် နတ်မောက်မြို့နယ်တရားရုံးမှ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် ၈.၉.၂၀၁၅ ရက်နေ့တွင် ထောင်ဝင်အမှတ် သရ/၁၅/ ၀၀၆၄၉/က ဖြင့် ထောင်ဒဏ်(၆)လ အပြစ်ကျခံနေရစဉ် အပြင်အလယ်ဘုတ်၌ ရေသွင်းရေထုတ် လုပ်ငန်း ဆောင်ရွက်နေရာမှ ထွက်ပြေးခဲ့သူ ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် နိုင်လင်း(ခ) ဘဂျမ်း အား သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၂၄၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment