Friday, November 6, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့၊ မင်းတုန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် (၁၀း၄၀)နာရီအချိန်ခန့်တွင် မင်းတုန်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဒေါ်နှင်းယုလွင် (၂၆)နှစ်၏ (၃x၃)ပင်၊ သွပ်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်း နေအိမ်ရှိ မီးသွေးမီးဖို ပေါ်တွင် ရေနွေးအိုးတည် ထားရာမှ မီးပွားလွင့်စင်ကာ နေအိမ်ဝါးထရံသို့ မီးကူးစက် လောင်ကျွမ်း ကြောင်း သတင်းအရ အခင်းဖြစ် အရပ်သို့ သရက်ခရိုင်မီးသတ်ဦးစီးမှူး ပါ(၁၇)ဦး၊ ခရရမှူး ဒုတိယရဲမှူးကြီး ဦးမူပါ ရဲတပ်ဖွဲ့ဝင် (၃၀)ဦးခန့်နှင့် ရွာသူ/သား(၃၀)ဦးခန့်တို့မှ ရေသယ်ယာဉ်(၁)စီး၊ မီးသတ်ယာဉ် (၁)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၁၀း၄၅) နာရီအချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှု ကြောင့် နေအိမ်တစ်လုံး တန်ဘိုး(၆၅၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ နှင်းယုလွင်အား ဥပဒေအရ အရေးယူပေးပါရန် မင်းတုန်း မြို့နယ် ဒုမီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းတုန်းမြို့မရဲစခန်း (ပ) ၈၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်း ရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video