၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်းတောင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဇောင်ချမ်းတောင် ကျေးရွာ ဓမ္မာရုံအနီး ဧရာဝတီမြစ် ဆိပ်ကမ်းတွင် ဘောဂ၀တီမော်တော်မှ ကမ်းသို့ကပ်စဉ် ကမ်းပါးတွင် ချည်ထားသော သုခမင်္ဂလာ မော်တော်ရေယာဉ်၏ ကြိုးအား တိုးမိရာမှ ဘောဂ၀တီ ယာဉ်ပေါ်ပါ လူ(၃)ဦးအား ရိုက်မိ၍ ဒဏ်ရာများ ရရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဧရာဝတီမြစ်အတွင်း မကွေးမြို့နယ်၊ မိကျောင်းရဲဘက်မှ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင် ချမ်းတောင် ကျေးရွာဘက်သို့ ဆင်ပေါင်ဝဲ မြို့နယ်၊ ဇောင်ချမ်းတောင် ကျေးရွာနေသူ ရေယာဉ်အုပ် မျိုးအောင် (၃၉)နှစ် မောင်းနှင်လာသော ဘောဂ၀တီ မော်တော်ရေယာဉ် အမှတ်-၉၈၇၂ (တွန်းတွဲ) သည် ဇောင် ချမ်းတောင် ဆိပ်ကမ်းသို့ ဆိုက်ကပ်စဉ် သုခမင်္ဂလာ မော်တော်ယာဉ်၏ ကြိုးအားတိုးမိ၍ ဘောဂ၀တီ ရေ ယာဉ်ပေါ်ပါ ဆင်ပေါင်ဝဲ မြို့နယ်၊ ဇောင်ချမ်းတောင် ကျေးရွာနေသူများ ဖြစ်သော မော်တော်လုပ်သား ဟန်မင်းထွန်း (၂၃)နှစ် ပါ ကျား(၃)ဦးတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရေယာဉ်မဆင်မခြင် မောင်းနှင်သူ မျိုးအောင် အား ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၀၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:
Post a Comment