Friday, November 6, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၅ ရက်နေ့ ည (၁၀)နာရီအချိန်ခန့်တွင် မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မကျီးချောင်းရပ်၊ မင်းဘူး-စကု ကားလမ်းရှိ ရွှေရနံ့ စားသောက်ဆိုင် အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်မှာ မင်းဘူး-စကုလမ်းအတိုင်း မင်းဘူးဘက်မှ စကုဘက်သို့ ပွင့်ဖြူမြို့နယ်၊ ထနောင်းကုန်းရွာ နေသူ ဘိုခိုင်(၃၀)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဇော်ဇော်အောင် (၃၄)နှစ် လိုက်ပါလာသော ယာယီ/xxxx ဟွန်ဒါဝေ့ဖ် ၁၀၀ ခဲနက်ရောင် ဆိုင်ကယ်အား ၎င်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ လာသော မင်းဘူးမြို့၊ ဝေဠုဝန်ရပ်ကွက်နေသူ ကိုမျိုး (၃၀)နှစ် မောင်းနှင်သည့် ၃၃ယ/xxxx ရင်ဇင်း ၁၁၀ အစိမ်းရောင် ဆိုင်ကယ်မှ လမ်း၏၀ဲဘက်သို့ ချိုးကွေ့စဉ် ၀င်ရောက် တိုက်မိပြီး ကိုမျိုးတွင် ဒဏ်ရာများရရှိ ခဲ့ပြီး ဇော်ဇော်အောင်မှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွား သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ကိုမျိုးအား မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မ ရဲစခန်း ယာဉ်(ပ) ၄၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video