Friday, November 6, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျောက်တောင် ကျေးရွာနေ မxxxx(၂၂)နှစ် သည် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် (၇)နာရီအချိန်ခန့်တွင် နေအိမ်မှ ယာတောတွင် ပဲတီစိမ်းကောက်နေသော ခင်ပွန်းဖြစ်သူထံ ထမင်းပို့ရန် ထွက်လာရာ တောလမ်းကွေ့ အရောက်တွင် ကြံခင်းအတွင်းမှ တစ်ရွာတည်းနေ xxxx(၃၁)နှစ်သည် ဓါးကိုင်ထွက်လာပြီး မxxxxရှေ့ ရောက်လာကာ မအော်နဲ့ အော်ရင်သတ်ပစ်မည်ဟု ပြောဆို၍ မxxxxအား ဖက်လှဲကာ သားမယားအဖြစ် (၁)ကြိမ် ပြုကျင့် ခဲ့ကြောင်း၊ ၄င်း၏ လက်ထဲတွင် ဓါးကိုင်ထားသဖြင့် ကြောက်၍ မအော်မိခဲ့ ကြောင်းနှင့် အခင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာမှ ခင်ပွန်းဖြစ်သူအား ပြောပြခဲ့ပြီး သားမယားအဖြစ် ပြုကျင့်သူ xxxx(၃၁)နှစ်အား အရေးယူပေးပါရန် ၅.၁၁.၂၀၁၅ ရက်နေ့ တွင် မxxxxမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီး မြို့နယ်၊ ကုက္ကုကုန်းနယ်မြေရဲစခန်း (ပ)၄၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video