Wednesday, November 4, 2015


ဂန့်ဂေါ နိုဝင်ဘာ ၃
ဂန့်ဂေါမြို့နယ်တွင် ဒစ်ဂျစ်တယ်အော်တိုတယ်လီဖုန်း၊ CDMA နှင့် GSM ကြိုးမဲ့ဖုန်းများဖြင့် မြန်မာနိုင်ငံ အရပ်ဒေသအသီးသီးသို့ ဆက်သွယ်ပြောကြားနိုင်ပြီး ဒစ်ဂျစ်တယ်အော်တိုတယ်လီဖုန်း(ကြိုးဖုန်း) မှာ ဂန့်ဂေါမြို့ ပေါ်ရှိ ရပ်ကွက်များနှင့် အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ ပျားကျေးရွာ တို့တွင်သာ
 ခေါ်ဆိုဆက်သွယ်နိုင်ကြသော်လည်း ကြိုးမဲ့ ဖုန်းများမှာ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ ၁၀၀ ကျော်တို့တွင် ခေါ်ဆိုဆက်သွယ်နိုင်လျှက်ရှိသည်။
ဂန့်ဂေါမြို့နယ်တွင် တယ်လီဖုန်းလိုင်းများ ပိုမိုအဆင့်မြှင့်နိုင်ရန် MPT ၏ အစီအစဉ်များအနက် မြေအောက် Fibre Cable ခင်းခြင်းလုပ်ငန်းကို လွန်ခဲ့သည့် ငါးလကျော်ကာလမှစ၍ ပခုက္ကူနှင့် ဂန့်ဂေါ ၊ ပခုက္ကူနှင့် တမူးလိုင်းများ ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ဂန့်ဂေါမြို့သို့ရောက်ရှိ၍ ယခု အခါတွင် ဂန့်ဂေါမြို့တွင်း၌ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်လျှက်ရှိပြီး နိုဝင်ဘာ ပထမပတ်အတွင်း ပြီးစီးနိုင် မည်ဟု သိရသည်။
အဆိုပါ မြေအောက်ကေဘယ်လ်ကြိုးခင်းခြင်း နှင့် လုပ်ငန်းအဆင့်ဆင့် ပြီးစီးသွားသည့်အခါတွင် ဂန့်ဂေါမြို့နယ်၌ MPT ၏ ဖုန်းဆက်သွယ်ခေါ်ဆိုပြောကြားမှု ပိုမိုအဆင်ပြေသွားမည်သာမက အင်တာနက် ချိတ်ဆက် အသုံးပြုသူများအနေဖြင့်လည်း ပိုမိုမြန်ဆန်စွာ သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video