Wednesday, November 4, 2015
3:20 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မကွေးမြို့ပေါ် အခြေခံပညာ ကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မကွေးခရိုင် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးပါသည်။ မကွေးမြို့ပေါ် အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲတွင် အကြီးတန်း(၉)ဦးတွဲ၊ အကြီးတန်းတစ်ဦးချင်း၊ အကြီးတန်း(၃)ဦးတွဲ၊ အငယ်တန်း(၉)ဦးတွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကြပါသည်။
ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မကွေးမြို့ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ တံခွန်စိုက်ဒိုင်းဆုကိုရရှိသွားကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment