Wednesday, November 4, 2015
3:19 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပွင့်ဖြူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ၏ အစီအစဉ်ဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ရေဘေးသင့်ခဲ့သော မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့်ကျေးရွာပေါင်း (၁၅၁)ရွာရှိ ကျေးရွာပြည်သူများအား နိုဝင်ဘာ ၂ ရက်နေ့မှစတင်၍ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေမှ ကြီးကြပ်ဆောင်ရွက်ကာ တစ်အိမ်ထောင်လျှင် ဆန်တစ်လစာအတွက် ဆန်တစ် အိတ်နှုန်းကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံရေဘေးသင့်ပြည်သူများ ၀မ်းသာပျော်ရွှင် လျက်ရှိ သည်။
ပွင့်ဖြူမြို့နယ်တွင် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုပေါင်း(၂၅၃၉၃)အတွက် ဆန်အိတ်ပေါင်း(၂၅၃၉၃)အိတ်အား မြို့ပေါ်ရပ်ကွက်များက စက်ဘီး ဆိုင်ကယ်များဖြင့်လာရောက် သယ်ယူဆောင်ရွက်ကြပြီး ရေဘေးသင့် ကျေးရွာများအတွက် ကျေးရွာအရောက် ကားများဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွားစဉ်က ရေဘေးသင့်၍ လုံးဝပျက်စီး သွားသောအိမ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်အဆောက်အဦးများ ရှိခဲ့သော ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၁)အုပ်စုအတွင်းရှိ လုံးဝပျက်စီးသွားသောအိမ်(၃၁၈) အိမ်အတွက် တစ်အိမ်လျှင်ငွေကျပ်(၁၅၀၀၀၀/ိ-)နှုန်းဖြင့် (၄၇၇၀၀၀၀၀/ိ-)ကျပ်အား၎င်း တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောအိမ်(၄၃)အိမ်အား တစ်အိမ်လျှင်(၂၅၀၀၀/ိ-)ကျပ်နှုန်းဖြင့် (၁၀၇၅၀၀၀/ိ-)ကျပ်အား၎င်း ထောက်ပံ့မှု စုစုပေါင်းတန်ဖိုး(၄၈၇၇၅၀၀၀/ိ-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment