၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ (၄း၀၅)နာရီအချိန် စကုမြို့၊ အမှတ်(၃)၊ ရွှေတိုင်ရပ်ကွက်နေ ကိုမင်း(ခ) ထွန်းမင်းဦး (၃၇)နှစ် ၏ နေအိမ်တွင် နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၂၅/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေ ရာ နေအိမ်အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြု သော စာရွက်စာတမ်းများ နှင့် အတူ လောင်းကြေးငွေ စက္ကူရောရာ ၃၇၀၀ိ/-တို့အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံး ထီ လောင်းကစား ပြုလုပ်သူ ကိုမင်း(ခ) ထွန်းမင်းဦးအား မင်းဘူး(စကု) မြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၁၃၂/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment