Friday, November 6, 2015


အောင်လံ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန (၂၇)နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာ(၇)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊၎င်းဌာနမှ အငြိမ်းစား ၀န်ထမ်းများ တက်ရောက် ကြသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က
ဌာနဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းနှင့် နှုတ်ခွန်းဆက်စကားများပြောကြားပြီး ဌာနမှဝန်ထမ်းများနှင့် အငြိမ်းစား ၀န်ထမ်းများအား ၀တ်စုံများပေးအပ်ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာန၀န်ထမ်းများ အငြိမ်းစားဝန်ထမ်းများအား ကံစမ်းမဲဖောက် ပေးပြီး အကျွေး အမွေးဖြင့် ဧည့်ခံခဲ့ကြောင်းသတင်းရရှိ ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video