Friday, November 6, 2015


မကွေး နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် မဲစာရင်းနှင့်စပ်လျဉ်းပြီး အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်သွားနိုင်ရေးအတွက် ကော်မတီဝင်များတွေ့ဆုံပွဲကို မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉) နာရီက ပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးရွေးကောက် ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ရွေးကောက်
ပွဲစေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များက မဲစာရင်းနှင့် စပ်လျဉ်းပြီး အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် အညီဖြေရှင်း ဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံရေးပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်များက တင်ပြလာသည့်အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများကို ရှင်းလင်း ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲ
မှုကော်မတီဝင်များ နှင့် ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video