Friday, November 6, 2015


ဂန့်ဂေါ နိုဝင်ဘာ ၆
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက်ရှိသည့် ကြိုတင်ဆန္ဒမဲလက်မှတ် များအား လက္ခံရရှိပါက ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အောက်တိုဘာ ၂၇ ရက်နံနက်က စတင်ဆောင်ရွက် လျှက်ရှိရာ နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ပြည်ပနိုင်ငံရောက် ဂန့်ဂေါမြို့နယ်သူ၊မြို့နယ်သားများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များ ရောက်ရှိလာသဖြင့် ကြိုတင်ဆန္ဒမဲပုံးအတွင်းသို့ စနစ်တကျထည့်သွင်းသိမ်းဆည်း သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရာတင်က အမှာစကားပြော ကြားပြီး မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းလင်းက လုပ်ငန်းဆောင် ရွက်မည့် အစီအစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ က ကိုးရီးယား၊ ရုရှား ၊ စင်္ကာပူနိုင်ငံများမှ ရောက်ရှိလာသည့် ဆန္ဒမဲလက်မှတ် ၃၄ စောင်ကို ကြိုတင် ဆန္ဒမဲအတွက် မဲပုံးတွင်းသို့ ထည့်သွင်းသိမ်းဆည်းသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းနိုင်ရေး ဆောင်ရွက်ရာသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အကူကိုယ်စားလှယ်လောင်းများ တက် ရောက်ကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video