၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောက်မြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၇ ရက်နေ့ နံနက် (၈)နာရီ(၅၀)မိနစ် အချိန်ခန့်တွင် ချောက်မြို့နယ်၊ မိုလာကျေးရွာအနီး၊ ချောက်-စလေကားလမ်း မိုင်တိုင်အမှတ် ၇/၂ နှင့် ၇/၃ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း စလေဘက်မှ ချောက်ဘက် သို့ ချောက် မြို့နယ်၊ စလေကျေးရွာနေသူ ကျော်ကိုလတ် (၂၃)နှစ် မောင်းနှင်သည့် 2B/xxxx ဒိုင်နာအဖြူရောင် ယာဉ် သည် ကားကရိုင်းလော့ပြုတ်ပြီး ကားလမ်း ယာဘက်ရှိ တမာပင် အား ၀င်ရောက်တိုက်မိ ရာ ကျော်ကိုလတ်တွင် အပြင်းအထန်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ ကျော်ကိုလတ် အား ချောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment