၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် နတ်မောက်မြို့၊ မြို့သစ် ရပ်ကွက် တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ ဂွေးကုန်း- ရွာမွန်-နတ်မောက် ကားလမ်းအတိုင်း ဂွေးကုန်းရွာဘက်မှ နတ်မောက်မြို့ ဘက်သို့ နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာနေသူ ဇော်တိုး (၂၅)နှစ် မောင်းနှင်သော ၈ဌ/xxxx ထော်လာဂျီ ဖြူဝါ ကြား ခေါင်းတိုယာဉ်သည် မိုင်တိုင်အမှတ် ၆၂/၃ အနီးအရောက်တွင် ၄င်းလမ်း အတိုင်း ရှေ့မှမောင်းနှင် သော နတ်မောက် မြို့နယ်၊ လဲဘူးကျေးရွာနေသူ နန်းဝေ(၂၀) နှစ် မောင်းနှင်သည့် MINGELAL-110 ဖြူနက်ကြား ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ တိုက်မိ၍ နန်းဝေတွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်တိုးအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ)၆၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၂၇၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment