၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်းတာဝန်မှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၇ ရက်နေ့ ည (၁၁)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မောင်းတိုင်(၂) ရပ်ကွက်နေ ထွန်းထွန်း(၃၃)နှစ်၏ (၃x၃)ပင်၊ ၀ါးကြမ်းခင်း၊ ၀ါးထရံကာ၊ သက္ကယ်မိုးနေအိမ် မီးဖိုခန်းရှိ မီးကြွင်းမီးကျန် မှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့၍ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၆)ဦး၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် (၆)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦး၊ ပြည်သူ (၁၅)ဦးခန့်တို့မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည (၁၁)နာရီ (၄၇)မိနစ်အချိန် မီးငြိမ်းသွားခဲ့ပြီး အလျား(၉)ပေ၊ အနံ(၆)ပေ ၀ါးထရံတစ်ချပ်နှင့် သက္ကယ်(၅)ပျစ်၊ စုစုပေါင်းတန်ဖိုး (၁၅၀၀ိ/-)ခန့် မီးလောင်ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ထွန်းထွန်း အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၃၁/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment