Tuesday, November 10, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၉ ရက်နေ့ ညနေ (၄)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် စလင်းမြို့နယ်၊ မြောက်ချောင်းဖြူ ကျေးရွာ အနီး၊ စလင်း-တညောင်သွား ကားလမ်း မိုင်တိုင် အမှတ် ၄၆/၃ နှင့် ၄၆/၄ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 
စစ်ဆေးချက်အရ စလင်း-တညောင်ရွာသွား ကားလမ်းအတိုင်း စလင်းဘက်မှ တညောင်ရွာဘက်သို့ စလင်းမြို့နယ်၊ ရဒေးကျေးရွာနေသူ မကေသီလင်း (၂၇)နှစ် မောင်းနှင်လာသော ၃၉ယ/xxxxx AIMO-125 အနက်ရောင် ဆိုင်ကယ်နှင့် တညောင်ရွာဘက်မှ စလင်းမြို့ဘက်သို့ ချောက်မြို့နယ်၊ စလေမြို့မရပ်နေသူ ယာဉ်မောင်း ဦးလှကြီးမောင် (၆၇)နှစ် မောင်းနှင်လာသော 3H/xxxx ဒိုင်နာ အပြာရောင်ယာဉ်တို့ တိုက်မိရာ မကေသီလင်း အပြင်းအထန် ဒဏ်မရာများ ရရှိပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးလှကြီးမောင်အား စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video