၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၉ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်ခန့်တွင် မြို့သစ်မြို့၊ မြို့ဝင်/ထွက်ဂိတ်အနီး မြို့သစ်-နတ်မောက် သွား ကားလမ်း မိုင်တိုင်အမှတ် ၁၇/၀ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စစ်ဆေးချက်အရ ၄င်းကားလမ်းအတိုင်း မြို့သစ်ဘက်မှ နတ်မောက်ဘက်သို့ တောင်တွင်းကြီး မြို့၊ ရွှေကြာအင်း (၁) ရပ်ကွက်နေသူ ယာဉ်မောင်း ဦးကိုကို (၄၇) နှစ် မောင်းနှင်သည့် 6C/xxxx Caldina ယာဉ်အား အဆိုပါကားလမ်း၏ ၀ဲဘက်ခြမ်း လမ်းသွယ်မှ မောင်းနှင်ထွက်လာသော မြို့သစ်မြို့၊ ကွက်သစ် ရပ်ကွက်နေသူ ရဲထွဋ်ဦး (၁၇)နှစ်၏ ၄၇ယ/xxxx၊ John Son-125 အနက်ရောင် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိရာ ရဲထွဋ်ဦးတွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ရဲထွဋ်ဦး အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment