Sunday, November 8, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်တွင် မြို့သစ်မြို့နယ်၊ တပ်ကုန်းကျေးရွာအနီး နေပြည်တော်- ကံပြား ကားလမ်း မိုင်တိုင်အမှတ် ၅၂/၂ နှင် ၅၂/၃ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား ကြောင်းသတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ၀၈၄၅ အချိန်ခန့်တွင် နေပြည်တော်- မြို့သစ်- ကံပြားလမ်း အတိုင်း ကံပြားဘက်မှ မြို့သစ်ဘက်သို့ မြို့သစ်မြို့နယ်၊ အုန်းပင်စု ရွာနေသူ လှိုင်မင်းဦး (၃၅)နှစ် မောင်းနှင် သည့် 7J/xxxx Forland အဖြူရောင်ယာဉ်သည် ၄င်းလမ်းအတိုင်း ရှေ့တွင်မောင်းနှင် နေသော နတ်မောက် မြို့နယ်၊ ရွာသစ်ကျေးရွာနေသူ သိန်းသန်းဌေး (၂၂) နှစ်၏ ၈ဟ/xxxx Xinli Fang အနီရောင် သုံးဘီး ဆိုင်ကယ်အား နောက်မှ ကျော်တက်စဉ် ကား၏ နောက်ပိုင်းနှင့် သုံးဘီးယာဉ်၏ ၀ဲဘက်ခြမ်းအား ပွတ်တိုက် မိသဖြင့် သုံးဘီး ဆိုင်ကယ်မှာ ကားလမ်း ယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာ သုံးဘီးဆိုင်ကယ်ပေါ်ပါ ခရီးသည် မ(၁၀)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး၊ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁) ရပ်ကွက်နေသူ မအေးချမ်းမြေ့ (၁ နှစ် ၇ လ)မှာ ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ လှိုင်မင်းဦးအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၄၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video