Sunday, November 8, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အမှတ်(၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ လ ၇ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးမြို့နယ်၊ ကံပြားကျေးရွာအနီး မကွေး-ရေနံချောင်း ကားလမ်း မိုင်တိုင်အမှတ် ၃၃၇/၂ နှင့် ၃၃၇/၃ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား ကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း မကွေးဘက်မှ ရေနံချောင်းဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့ပိုင်း၊ ရွာသာကြီး ကျေးရွာနေသူ ယာဉ်မောင်း ခင်ဇော် (၅၄)နှစ် မောင်းနှင်သည့် ၃ဃ/xxxx NISSAN CONDOR VA အဖြူရောင်ယာဉ်သည် ၄င်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ နတ်မောက်မြို့နယ်၊ စမ်းကန်ကျေး ရွာနေသူ မြင့်သန်း (၂၂)နှစ် မောင်းနှင် လာသော ၁၀ယ/xxxxx LOUJIA-110 အနက်ရောင် ဆိုင်ကယ် အား တစ်ဘက် ယာဉ်ကြော အတွင်း သို့ ၀င်ရောက်တိုက်မိရာ မြင့်သန်းတွင် ဒဏ်ရာများရရှိ၍ မကွေးဆေးရုံသို့ ရဲဆေးစာနှင့်အတူ ပို့အပ်စဉ် လမ်းတွင် သေဆုံးသွားသဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ခင်ဇော်အား မကွေး မြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းယာဉ်(ပ)၅၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video