Saturday, November 7, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်မျိုးအောင်ရပ်၊ ပြည်တော်သာလမ်းနှင့် ခွာညို လမ်းဒေါင့် ဆိုင်ကယ်ပွဲစားဝိုင်းတွင် ၆.၁၁.၂ဝ၁၅ ရက်နေ့ ညနေ (၄) နာရီခွဲအချိန် မသင်္ကာဖွယ် လူတစ်ဦးမှ နံပါတ်မပါ YAMAHA FZ 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးအား ကာလ တန်ဖိုးထက် ဈေးလျှော့ရောင်း ချနေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မူခင်းအကူ ဌာနစုမှ ရဲအုပ် နိုင်လင်းနှင့်အဖွဲ့ သည် သက်သေများနှင့်အတူ ၎င်းအားခေါ်ယူစစ်ဆေးခဲ့ရာ ကယား ပြည်နယ်၊ လွိုင်ကော်မြို့၊ မှိုင်းလုံး ရပ်နေ ကျော်စိုးဝင်း(၄၆)နှစ်ဖြစ်ကြောင်းသိရှိရပြီး ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက် အထား ခိုင်လုံစွာပြောပြနိုင်ခြင်းမရှိဘဲ တစ်နေရာရာမှ ခိုးယူ လာသည်ဟု ယုံကြည်ရန်အကြောင်း ရှိ သဖြင့် ကျော်စိုးဝင်းအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၈၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့်၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video