၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ-ပေါက်ကားလမ်းမိုင်တိုင်အမှတ် ၁၁/၁ နှင့် ၁၁/၂အကြား ရွာသစ် ကြီးရွာအနီးတွင် ၆.၁၁.၂၀၁၅ ရက်နေ့ ညနေ (၃း၄၅) အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်း သတင်း အရ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ဆိပ်ဖြူ ဘက်မှ ရွာသစ်ကြီးရွာဘက်သို့ ဆိပ်ဖြူမြို့နယ်၊ ဆားလောက်ရွာနေ ဗိုလ်သောင်း (၂၆)နှစ်မောင်းနှင်သော ၁၉ယ/xxx ၊ လီဖန်း ၁၂၅ အပြာရောင်ဆိုင်ကယ်နှင့် ပေါက်မြို့ဘက်မှ ဆိပ်ဖြူမြို့ဘက်သို့ ဆိပ်ဖြူမြို့နယ်၊ တဲကြီးရွာနေ ကျော်ဆွေ(၂၆)နှစ် မောင်းနှင်လာသော နံပါတ်မပါ ROSE BO 125 အနက်ရောင်ဆိုင်ကယ်တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိပြီး ဗိုလ်သောင်းတွင် ဝဲဘက်ပေါင်ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ဝဲမျက်လုံး မျက်ကွင်းညိုမဲ၊ ဝဲနား သွေးထွက်၊ ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာများဖြင့် နေရာတွင်သေဆုံး သွားပြီး ကျော်ဆွေတွင် ဝဲဘက် ခြေသလုံးပွန်း၊ဝဲခြေဖမိုး/ဖနှောင့်ပွန်းပဲ့၊ ရင်ဘတ်ပွန်းပဲ့ဒဏ်ရာများရရှိ ခဲ့ကြောင်း တွေ့ရှိရသဖြင့် ဆိုင်ကယ်အားမဆင်မခြင် မောင်းနှင်သူ ဗိုလ်သောင်းနှင့် ကျော်ဆွေတို့ (၂)ဦး အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment