Friday, November 6, 2015


ဂန့်ဂေါ နိုဝင်ဘာ ၅
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၌ ဆန္ဒမဲလက်မှတ်များကို နိုဝင်ဘာ ၅ ရက်က ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေပေးသည်။
ထိုသို့ဖြန့်ဝေရာတွင် ရပ်ကွက်/ကျေးရွာ ၅၇အုပ်စုရှိ ပြည်သူ့
လွှတ်တော်ဆန္ဒမဲလက်မှတ် ၂၀၉၈ အုပ်၊ အမျိုးသားလွှတ်တော်
ဆန္ဒမဲလက်မှတ် ၂၀၉၈ အုပ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁) အတွက် ၁၀၉၁ အုပ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂) အတွက် ၁၀၇၇ အုပ်တို့နှင့် မကွေးတိုင်းဒေသကြီး တိုင်းရင်းသား လူမျိုးလွှတ်တော် ဆန္ဒမဲလက်မှတ် ၂၁၄ အုပ်တို့ကို ဖြန့်ဝေနိုင်ပြီးဖြစ်သည်။ ကျန်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၂၀ အတွက် နိုဝင်ဘာ ၆ ရက်တွင်
အပြီးသတ်ဖြန့်ဝေသွားမည်ဟု သိရသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ ဖြန့်ဝေရာသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် တာဝန်ရှိ
သူများ ရောက်ရှိ၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသွားကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video