၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြို-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် ၁၁/၇ နှင့် ၁၂/ဝ အကြား ဆန်းသစ်ကျေးရွာအနီးတွင် ၆.၁၁.၂ဝ၁၅ ရက်နေ့ ည (၇) နာရီအချိန်ခန့်တွင် ယာဉ် တိမ်းမှောက်မှုဖြစ် ပွားကြောင်း သတင်းအရ ပခန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရေစကြိုဘက်မှ ပခုက္ကူဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၉)ရပ် ကွက်နေ ဦးစိန်မောင်(၆၅)နှစ် တစ်ဦးတည်းမောင်းနှင်လာသော 6C/xxx ၊ SURF အပြာရောင်မော်တော် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ ရာမှ ဦးစိန်မောင်တွင် နဖူးအလယ် တည့်တည့်ချိုင့်ဝင်ဒဏ်ရာ၊ ညာပါးပွန်းပဲ့ဒဏ်ရာ၊ ဘယ်ဘက်နံဘေး ညိုမဲဒဏ်ရာ၊ နှာခေါင်းညာဘက်ပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အား မဆင် မခြင်မောင်းနှင်သူ ဦးစိန်မောင်အား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၂ဝ/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment