၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကွမ်းလောင်းဘူတာမြောက်ဘက် အောင်လံ-ပြည် ရထားလမ်းပိုင်း မိုင်တိုင်အမှတ် (၁၈ဝ)အနီးတွင် ယင်းနေ့ ညနေ (၄း၁၅) အချိန် နေပြည်တော်-ပြည် ၁ဝ၉ အဆန် RPE 2584 စက်ခေါင်းမောင်းရထားအား ဦးအေးထွန်းဦးမှ မောင်းနှင်လာစဉ် ရထား လမ်းပေါ် အိပ်နေသည့် အောင်လံမြို့နယ်၊ ပျဉ်းပင်လှကျေးရွာနေ ဝေယံအောင်(၂ဝ)နှစ်သည် ထပြေးရာမှမလွတ်ဘဲ ပွတ်တိုက်မိ၍ ဝေယံအောင်တွင် ဝဲဂျိုစောင်း(၆)လက်မခန့်ပြတ်ရှဒဏ်ရာ၊ ဝဲခြေသန်းကြေမွ ဒဏ်ရာများ ရရှိခဲ့ပြီး ရထားပွတ်တိုက်မှုကြောင့် ၁၅ မိနစ်ခန့် ရထားရပ်တန့်ခဲ့ရ ကြောင်း ပြောပြသိရှိရ၍ ဝေယံအောင် အား ကွမ်းလောင်းဘူတာရုံ ဒုရုံပိုင် ဦးဇော်မင်းသိုက်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း (ပ)၆၃/၂ဝ၁၅၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၈ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment