၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်း-ပြည်ကားလမ်း မိုင်တိုင် အမှတ် ၂၆၉ အနီးတွင် ၎င်းနေ့ညနေ (၆း၄၅) အချိန်ခန့်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆတ်သွားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၊ တောင်တွင်း-ပြည်ကားလမ်းအတိုင်း ဝက္ကသေးရွာမှ ဆတ်သွားရွာဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာနေ စိုးသူ(၂၉)နှစ်မောင်းနှင်ပြီးနောက်မှ တောင်တွင်းကြီးမြို့နယ်၊ ဆက်ကျကျေးရွာနေ ရဲအောင် (၄၅)နှစ်၊ ထွန်းထွန်း(၃၄)နှစ်နှင့် တင်ထွန်း (၂၆)နှစ်တို့ လိုက်ပါပြီး တစ်လုံးထိုးထော်လာဂျီ ၅ဌ/xxxx ပေါ်တွင်သဲတင်၍ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့၍ ရဲအောင်၊ ထွန်းထွန်းနှင့် တင်ထွန်းတို့ ၃ ဦး တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အားအရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်သူ စိုးသူအား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေ ရဲစခန်း ယာဉ်(ပ)၂၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment