Tuesday, November 24, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် (၄)နာရီခွဲ အချိန်ခန့် သတင်းအရ သက်သေများနှင့်အတူ မြို့သစ်မြို့၊ ဘုရားကြီး ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရုံးရှေ့၊ တောင်တွင်း- မြို့သစ်- နတ်မောက် ကားလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ၄င်းလမ်းအတိုင်း တောင်တွင်းကြီး မြို့နယ်ဘက်မှ နတ်မောက် မြို့နယ်ဘက်သို့ ကျောက်ပန်းတောင်း မြို့နယ်၊ လွယ်ပင်ကုန်းကျေးရွာနေသူ ယာဉ်မောင်း ဇော်ဌေး(၃၄)နှစ် မောင်းနှင်လာသော 4E/xxxx MAZDATITAN အဖြူရောင် (၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင် ကျွန်းခွဲသားဆိုဒ်စုံ (၂၃၅) ချောင်း (၁.၉၀၄၄)တန် (ကာလ တန်ဖိုး ၁၁၄၂၆၄၀ိ/-ခန့်) အား တရားမ၀င် သယ်ဆောင် လာကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့် တရားမ၀င် ကျွန်းခွဲသားများ တင်ဆောင်လာသူ ဇော်ဌေးအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၆၀/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video