၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ဆင်မကျ ကျေးရွာ အုပ်စု၊ ဆင်မကျကျေးရွာအနီး ဧကရာဇ် ရေနံမှော်တွင် သွားရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မင်းလှမြို့နယ်၊ ကျောက်ပုံ ကျေး ရွာနေသူ ဒေါ်သန်းအေး (၆၈) နှစ်သည် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့် ဧကရာဇ်ရေနံမှော် အတွင်းရှိ နေအိမ်တဲတွင် ရှိနေစဉ် အတူနေသားဖြစ်သူ စိန်မင်း(၃၇) နှစ်မှာ ဒဏ်ရာ များဖြင့် နေအိမ်တဲသို့ ပြေးလာသည်ကို တွေ့ရသဖြင့် မေးမြန်းရာ ၄င်းနှင့်အတူ ဧကရာဇ် ရေနံမှော်နေသူ သန်းမင်း (၂၇) နှစ်တို့သည် လူမနေသော ဦးထွန်းထွန်းဝင်း၏ တဲတွင် အရက်အတူ သောက်နေစဉ် ဧကရာဇ် ရေနံမှော်နေ ၀င်းမင်းခိုင် (၁၃)နှစ်အား လေးဂွဖြင့်ပစ်၍ အနိုင်ကျင့်သည်ကို ၀င်းမင်းခိုင်၏ ဖခင်ဖြစ်သူ ဖိုးခိုင် (၃၇)နှစ် မှ မကျေနပ်၍ ရုတ်တရက် ရောက်ရှိလာကာ ဓါးဖြင့်ခုတ်၍ စိန်မင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သန်းမင်းမှာ ယာနားရွက်/ ယာဂျိုစောင်း/ ၀ဲနဖူး/ ၀ဲတံတောင် ပြတ်ရှဒဏ်ရာများ ရရှိပြီး နေရာတွင် သေဆုံးသွားကြောင်း ပြောပြသိရှိ ရသဖြင့် ဖိုးခိုင်အား အရေးယူပေးရန် ၂၂.၁၁.၂၀၁၅ ရက်နေ့တွင် ဒေါ်သန်းအေးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း (ပ)၁၅၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment