၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ် အချိန်ခန့် မကွေးမြို့မှ ထွက်ခွာလာသော သတင်း အရ သက်သေများနှင့်အတူ နတ်မောက်မြို့၊ ဈေးရပ်ကွက်တွင် စောင့်ဆိုင်းနေစဉ် မကွေး-နေပြည်တော်- နတ်မောက် လမ်းအတိုင်း ပျဉ်းမနားမြို့၊ ကန်ဦးကွက်သစ်ရပ်ကွက်နေသူ ယာဉ်မောင်း မောင်ဌေး (၃၉)နှစ် မောင်းနှင်ပြီး နတ်မောက် မြို့နယ်၊ နဘူးကွဲရွာနေသူ ယာဉ်နောက်လိုက် ထွန်းထွန်း(၂၅) နှစ် လိုက်ပါလာသော 2C/xxxx City Bus အ၀ါကြား တော်ဝင်ခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးရာ ယာဉ်၏ အောက်ပိုင်း ပစ္စည်းများတင်သည့် တူးဘောက်အတွင်းမှ ဆာလာအိတ်အတွင်း ပလပ်စတစ် အိတ်များဖြင့် ထည့်ထားသော ရေနံစိမ်း ၁၅ ဂါလံခန့်ပါ ၅ အိတ်၊ ၅ ဂါလံခန့်ပါ ၇ အိတ်၊ စုစုပေါင်း ၁၂ အိတ်၊ ၁၁၀ ဂါလံခန့် (တန်ဘိုး ၁၈၆၆၂၅ိ/-) ခန့် သယ်ဆောင် လာသည်ကို တွေ့ရှိသိမ်းဆည်း ရမိ သဖြင့် မောင်ဌေးနှင့် ထွန်းထွန်းတို့အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၉၅/၂၀၁၅၊ ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment