Monday, November 2, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက် နေသူ မခိုင်ခိုင်မြင့် (၄၈)နှစ် သည် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်တွင် ၄င်းပိုင် ၄၇ယ/xxxxx ကန်ဘို ၁၁၀ အစိမ်းရောင် ဆိုင်ကယ်အား ပခုက္ကူဆေးရုံ အနာက်ဘက်ရှိ သွားဘက်ဆိုင်ရာဌာန အနီးတွင် သော့ခတ်၍ ရပ်ထားခဲ့ပြီး ဆေးရုံဝန်းအတွင်း တာဝန်ထမ်းဆောင်နေစဉ် ညနေ(၅)နာရီခွဲ အချိန်ခန့်၌ ဆိုင်ကယ်ရပ်ထားခဲ့သည့် နေရာအနီးတွင် ဈေးရောင်းနေသည့် သမီးဖြစ်သူ မလွင်မီခိုင်မှ မခိုင်ခိုင်မြင့် အား ဆိုင်ကယ်ကို လူတစ်ယောက် ကိုင်နေတယ် ပြောသဖြင့် လှမ်းကြည့်လိုက်ရာ အမည်မသိ အမျိုးသားတစ်ဦးမှ ဆိုင်ကယ်အား တွန်းယူသွားသည်ကို တွေ့ရှိရ၍ ““သူခိုး၊ သူခိုး””ဟု အော်ဟစ်သဖြင့် ၎င်းအမည်မသိ အမျိုးသားမှာ ဆိုင်ကယ်အား ထားခဲ့ပြီး ထွက်ပြေးသွားသဖြင့် ဆေးရုံဝန်ထမ်းများ နှင့်အတူ လိုက်လံဖမ်းဆီးခဲ့ရာ ဆေးရုံတောင်ဘက်၊ လွတ်လမ်ရေးပန်းခြံအတွင်း ဖမ်းဆီးရမိသဖြင့် မေးမြန်းရာ ဆိုင်ကယ် ခိုးယူသွားသူမှာ ပခုက္ကူမြို့၊ အေးချမ်းသာရပ်ကွက်နေသူ မောင်လင်း (၃၁)နှစ် ဖြစ်ကြောင်း သိရှိရသဖြင့် ဆိုင်ကယ်ခိုးယူသူ မောင်လင်းအား အရေးယူပေးရန် ၁.၁၁.၂၀၁၅ ရက်နေ့တွင် မခိုင်ခိုင်မြင့်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၁၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ဆိုင်ကယ်) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video