Sunday, November 1, 2015



မကွေး အောက်တိုဘာ ၃၁
မကွေးခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေ၀န်ခန်းမတွင် ကျင်းပပါသည်။
မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရခြင်းအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်များ မိမိတို့ခရိုင်ကိုယ်စားပြု တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော် အဆင့်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးမှာကြားပါသည်။ ယင်းနောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ခရိုင် အုပ်ချုပ်ရေးမှူးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပါသည်။
ပြိုင်ပွဲကို စတင်ကျင်းပရာ အသက် ၅နှစ်မှ ၁၀နှစ် အကဖြင့် စတင်ယှဉ်ပြိုင်ပြီး မကွေးခရိုင်အတွင်း မြို့နယ်များမှ အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်(၁၅၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြပါသည်။ အဆိုပါ မကွေးခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၃၁.၁၀.၂၀၁၅ရက်နေ့မှ ၁.၁၁.၂၀၁၅ရက်နေ့ ထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video