Monday, November 2, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁ ရက်နေ့နံနက် (၉း၄၅)နာရီအချိန်ခန့်တွင် ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကားလမ်းမပေါ်တွင် လူတစ်ဦး ဓါးကိုင်ရမ်းကား နေကြောင်း ဖုန်းဖြင့် သတင်းပေး ချက်အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်နေသူ မျိုးမင်းဆွေ (၄၃)နှစ်သည် အရိုး(၄)လက္မ၊ အသွား(၈)လက္မခန့်ရှိ သစ်သားရိုးတပ် ဓါးဦးချွန် (၁)ချောင်းအား ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသဖြင့် ခွင့်ပြုချက်မရှိဘဲ ဓါးဦးချွန်အား ကိုင်ဆောင်သူ မျိုးမင်းဆွေ အား ရေနံချောင်း မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇၄/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video