Saturday, October 3, 2015
1:20 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ စက်တင်ဘာ ၃၀
မြန်မာနိုင်ငံအတွင်းရေကြီးမှုဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသည့်ဒေသများကိုကူညီရန် မော်တော်ဆိုင်ကယ်ချစ်သူ
များအဖွဲ့က Charity For Myanmar Flood Victims အမည်ဖြင့်ရံပုံငွေရှာဖွေလျက်ရာ စက်တင်ဘာ ၂၉ရက်ည၈နာရီကပခုက္ကူမြို့သို့ဖြတ်သန်းရောက်ရှိသည်။အဆိုပါအဖွဲ့သည်အွန်လိုင်းမှတစ်ဆင့်ဆိုင်ကယ်
ချစ်သူများအားအလှူခံခြင်း၊ဆိုင်ကယ်စီး၍ ဆိုင်ကယ်လိုဂိုအမှတ်အသားပါအင်္ကျီကိုရောင်းချခြင်းမျိုးမဟုတ်
ဘဲစေတနာအရအလှူငွေထည့်ဝင်စေခြင်းဖြင့်ရံပုံငွေရှာဖွေလျက်ရှိကြောင်း အလှူငွေ ကျပ်သုံးသောင်း
လှူဒါန်းသူပခုက္ကူမြို့မှ ကိုမြတ်စိုး၏ပြောပြချက် အရသိရသည်။
ယခုရောက်ရှိလာသောအဖွဲ့တွင်အဖွဲ့ဝင်သုံးဦးပါဝင်ပြီး ရန်ကုန် မှော်ဘီ မှစတင်ထွက်ခွာ၍မန္တလေး၊မုံရွာ ၊ပခုက္ကူ၊ပုဂံညောင်ဦး၊မကွေး၊ပြည်စသည့်မြို့များသို့ဖြတ်သန်းစီးနှင်းလျက်ရှိပြီး၊ရရှိလာသည့်ရံပုံငွေကိုရေဘေး
ဒဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးတွင်ပါဝင်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment