Saturday, October 3, 2015



ဆင်ပေါင်ဝဲ အောက်တိုဘာ ၁
ဆင်ပေါင်ဝဲမြို့၌ (၅၁ )နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားကို
မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်း မ၌ ယနေ့နံနက်( ၈ :၃၀) နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ| မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဝင် များ|
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဝင်များ |မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့် ဇနီးများ|တက်ရောက်ကြ သည်။
ရှေ့ဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က အဖွင့်အမှာစကား
ပြောကြား ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မော်မော် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ် လွှာ အား ဖတ်ကြားသည်။
ထို့နောက် တာဝန်ရှိသူ အသီးသီးက ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များ နှင့်ဇနီးများအား ရုံးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်မူဆု | စိုက်ပျိုးရေး မွေးမြူရေးနှင့် သန့်ရှင်းရေးဆု တို့အား အသီးသီး ချီးမြှင့်ကြ ကြောင်း သတင်းရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video