Saturday, October 3, 2015
1:18 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး အောက်တိုဘာ ၁
မကွေးမြို့တွင် စက်တင်ဘာ ၃၀ရက်နေ့ ညပိုင်းက လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းမှုကြောင့် မကွေးမြို့ပေါ်တွင် သစ်များလဲပြိုမှုများဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်မှုများဖြစ်ပွားခဲ့ပါသည်။
အဆိုပါ လေပြင်းတိုက်ခတ်ပြီး မိုးများရွာသွန်းခြင်းကြောင့် လဲပြိုကျနေသည့် သစ်ပင်များအား မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များက အဖွဲ့(၂)ဖွဲ့ခွဲ၍ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပိတ်ဆို့မှုများအား ရှင်းလင်းဆောင်ရွက်ပေးခဲ့ပါသည်။ သစ်ပင်များပြိုလဲမှုကြောင့် လမ်းမီးတိုင်(၃)တိုင်ခန့် လဲပြိုခဲ့ပြီး လျှပ်စစ်မီးများပြတ်တောက်နေမှု့အား မကွေးမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးဌာနက လိုက်လံ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment