Saturday, October 3, 2015


အောင်လံ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဘိုး/အဘွားများအားပူဇော်ကန်တော့ပွဲကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၇း၃၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည် ။
အခန်းအနားသို့ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ဇနီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့်ဇနီး မြို့နယ် ဖွံ့/ထောက်ဥက္ကဌနှင့် အဖွဲ့ဝင်များ အမျိုးသမီးရေး ရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။အခန်းအနားတွင်ရှေးဦးစွာ အဘိုးအဘွာများကို ကန်တော့ကျိုးဖြင့် ရွက်ဆိုပူဇော် ကန်တော့ကြပြီးလှူဘွယ်ပစ္စည်းတန်ဘိုး နှစ်သောင်းကျော်ဘိုးနှင့်ခရိုင်အုပ်ချုပ်ရေးမှူးနှင်ဇနီးတို့မှလှူဒါန်းသော
 အဘိုး/အဘွားတစ်ဦးလျှင် ငါးထောင်ကျပ်နှုန်းနှင့်လှူဒါန်းငွေများကို အဘိုး/အဘွား(၂၇)ဦးတို့အား 
ပေးအပ်လှူဒါန်းခဲ့ပြီး အဘိုး/အဘွားများကိုယ်စား အဘိုးတစ်ဦးမှဆုပေးစကားပြောကြားခဲ့ကြောင်းသိရသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video